လူနာများအတွက် အချက်အလက်များ
အချိန်မရွေး အသုံးပြုနိုင်သော ဝန်ဆောင်မှုများ
အင်တာနက် အသုံးပြုခွင့်
လူနာများသည် မိတ်ဆွေ၊ မိသားစုနှင့် ချစ်ခင်ရသူများနှင့် ဆက်သွယ်နိုင်စေရန် ဆေးရုံတွင်နေထိုင်သည့်ကာလတစ်လျှောက် အခမဲ့ internet access ကို ပေးထားပါသည်။ username နှင့် password ကို Customer Service ကောင်တာတွင် တောင်းယူနိုင်ပါသည်။
တယ်လီဖုန်း အသုံးပြုခွင့်
လူနာတစ်ဦးထံ ဖုန်းဆက်လိုပါက လူနာနေထိုင်နေသော ဆေးရုံ၏ အဓိကဖုန်းနံပါတ်ကို ခေါ်ဆိုပြီး ဝန်ထမ်းနှင့် ဆက်သွယ်ပါ။ ထို့နောက် လူနာ၏ First Name နှင့် Last Name ကို ပြောကြားပါက လူနာအခန်းသို့ ချိတ်ဆက်ပေးပါမည်။
Samitivej Sukhumvit Hospital
+66 (0) 2022-2222
Samitivej Srinakarin Hospital
+66 (0) 2022-2222
Samitivej Thonburi Hospital
+66 (0) 2438-9000
Samitivej International Children’s Hospital
+66 (0) 2022-2222
Samitivej Sriracha Hospital
+66 (0) 3832-0300
Samitivej Chonburi Hospital
+66 (0) 3303-8888
Samitivej Chinatown Hospital
+66 (0) 2118-7888
ဆေးရုံတွင်းဖုန်းများသည် ပြည်တွင်းနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာဖုန်းခေါ်ဆိုရန် 0 (operator) ကို နှိပ်၍ အကူအညီတောင်းနိုင်ပါသည်။ ဖုန်းခေါ်ဆိုမှုများအတွက် အပိုကုန်ကျစရိတ်ရှိနိုင်ပါသည်။

