
ကလေးကင်ဆာစင်တာဆိုတာဘာလဲ?
ကလေးကင်ဆာစင်တာဟာ ကင်ဆာရောဂါအမျိုးမျိုးကို ခံစားနေရတဲ့ ကလေးများကို ပြီးပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှု နှင့် ကုသမှုပေးနိုင်တဲ့ နေရာဖြစ်ပြီး သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ နှင့် အခြားကိုယ်တွင်းအင်္ဂါများမှာဖြစ်တဲ့ ကင်ဆာများ ဥပမာ - အသည်း၊ မျက်စိ၊ ကျောက်ကပ်အနီးရှိ အက်ဒရီနယ်ဂလင်း၊ ကြွက်သားများ နှင့် အရိုးများအပြင် ဦးနှောက်အကျိတ် စသည်တို့ကိုလည်း ကုသမှုပေးနိုင်တဲ့နေရာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုများ
ကင်ဆာအမျိုးစား အမျိုးမျိုးကို ရောဂါရှာဖွေခြင်း ၊ သွေးစစ်ခြင်းများ နှင့် ကိုယ်ခံအားဆိုင်ရာသွေးစစ်ဆေးခြင်းများ
- ဓာတ်မှန်ရိုက်၊ ကွန်ပျူနည်းပညာဖြင့်ဓာတ်မှန်ရိုက်ခြင်း (CT)၊ သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်၍ဓတ်မှန်ရိုက်ခြင်း (MRI) အစရှိတဲ့ စစ်ဆေးခြင်းကိုသုံးပြီး ကိုယ်တွင်းအင်္ဂါများနဲ့ ကင်ဆာရောဂါပျံ့နှံ့မှုနှုန်းများကို စစ်ဆေးနိုင်ပါတယ်။
- အသားစယူပြီးစစ်ဆေးခြင်း နှင့် ရောဂါဗေဒဓာတ်ခွဲစမ်းသပ်ခြင်း၊ အခြားဓာတ်ခွဲစမ်းသပ်မှုများ - ကင်ဆာဆဲလ်အမျိုးအစားများခွဲခြားခြင်း (Immunophenotype , Immunohistochemistry testing)
- ကင်ဆာအမျိုးအစားပေါ်မူတည်ပြီးမျိုးရိုးဗီဇစစ်ဆေးခြင်း
- ကီခိုဆေးသွင်းခြင်း နှင့် အသစ်သော ဇီဝအေးဂျင့်များကို အသုံးပြု၍ကုသပေးသောနည်းလမ်းများ
- ဓာတ်ရောင်ခြည်ကုထုံး
- ရိုးတွင်းခြင်ဆီ/ Stem Cell အစားထိုးကုသခြင်း
- ရိုးတွင်းခြင်ဆီ အစားထိုးကုသပြီးနောက် နောက်ဆက်တွဲ ပြဿနာများ / Stem Cell အစားထိုးကုသခြင်း ဥပမာ graft နှင့် photopheresis ကုသခြင်းများ
အထက်ဖော်ပြပါကုသမှုအားလုံးကို ကလေးအထူးကုအဖွဲ့များဖြစ်တဲ့ ကလေးကင်ဆာအထူးကုဆရာဝန်များ၊ ကလေးခွဲစိတ်ဆရာဝန်များ၊ ကလေးဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များ၊ ကလေးဦးနှောက်နှင့်အာရုံကြောဆိုင်ရာအထူးကုဆရာဝန်များ၊ အရိုးကင်ဆာခွဲစိတ်ဆရာဝန်၊ ဓာတ်မှန်ရိုက်အထူးကုဆရာဝန်များ၊ ကင်ဆာဓာတ်ရောင်ခြည်အထူးကုဆရာဝန်များ၊ ကလေးကင်ဆာရောဂါဆိုင်ရာသူနာပြုများ၊ နည်းပညာဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးနေပါတယ်။

