ထိုင်းနိုင်ငံမှာ မွေးကင်းစမှ အသက်(၁၆)နှစ်အတွင်း ကလေးငယ်များ ပုံမှန်ထိုးနှံဖို့ ထောက်ခံလမ်းညွှန်ပေးထားတဲ့ ကာကွယ်ဆေး အများကြီးရှိပါတယ်။ ရောဂါကာကွယ်ဆေးဆိုတာဟာ ကလေးငယ်များရဲ့ကျန်းမာရေးကိုကြိုတင် ကာကွယ်ဖို့အတွက်မိဘများပြုလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးမိလိုက်တာကြောင့် သင့်ကလေးငယ်ကို အပြင်းအထန်နာမကျန်းဖြစ်သွားစေသည်အထိ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် သေချာပြင်ဆင် ထားဖို့သိပ်ကိုအရေးကြီးတာပေါ့ ။ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်မှာ ထိုးနှံဖို့ သင့်တော်တဲ့ကာကွယ် ဆေးတွေက ဘာတွေဖြစ်မလဲ ကြည့်ကြရအောင်ပါ။
| ထိုးနှံသင့်သည့်ကာကွယ်ဆေးများ |
| မွေးကင်းစအရွယ် | - တီဘီရောဂါ အတွက် BCG ကာကွယ်ဆေး
- အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး(ပထမအကြိမ်)
|
| (၁)လသားအရွယ် | - အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)
|
| (၂)လသားအရွယ် | - ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး(ပထမအကြိမ်)
|
| (၄)လသားအရွယ် | - ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး(ဒုတိယအကြိမ်)
|
| (၆)လသားအရွယ် | - ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး(တတိယအကြိမ်)
- အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး(တတိယအကြိမ်)
|
| (၉) လ မှ (၁၂) လသားအရွယ် | - ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး(Japanese B Encephalitis) (ဗိုင်းရပ်စ်မှပြုလုပ်သောကာကွယ်ဆေးအမျိုးအစား) (ပထမအကြိမ်)
- ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ( ၃ လ မှ ၁၂လ ခြား)
- ဝက်သက်- ပါးချိတ်ရောင်ရောဂါ - ဂျိုက်သိုး စသည့်ရောဂါများအတွက်ကာကွယ်ဆေး(MMR) (ပထမအကြိမ်)
|
| (၁၂)လနှင့်အထက် | - ရေကျောက်ရောဂါကာကွယ်ဆေး
- အသည်းရောင်အသားဝါအေရောဂါကာကွယ်ဆေး(ပထမအကြိမ်)
- အသည်းရောင်အသားဝါအေရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ( ၆ လ မှ ၁၂လ ခြား)
|
| (၁၈)လသားအရွယ် | - ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ ၊ မေးခိုင်ရောဂါ ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး ( ပထမအကြိမ်ထပ်မံထိုးနှံခြင်း)
|
| (၂)နှစ် - (၂)နှစ်ခွဲ | - ဝက်သက်၊ ပါးချိတ်ရောင်ရောဂါ- ဂျိုက်သိုး စသည့်ရောဂါများအတွက်ကာကွယ်ဆေး(MMR) (ဒုတိယအကြိမ်)
|
| (၄)နှစ် - (၆)နှစ် | - ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး ( ဒုတိယအကြိမ်ထပ်မံထိုးနှံခြင်း)
|
| (၁၁)နှစ် - (၁၂)နှစ် | - ဆုံဆို့နာနှင့်မေးခိုင်ရောဂါကာကွယ်ဆေး
|
ကလေးအထူးကုဆရာဝန်များနှင့်တိုင်ပင်ပြီး ထိုးနှံသင့်သည့်ကာကွယ်ဆေးများ | - ကလေးငယ်များတွင်ဖြစ်သည့်ဝမ်းရောဂါ(Rotavirus)ကာကွယ်ဆေး (ပထမအကြိမ် ) ( (၆)ပတ်မှ (၁၅)ပတ် သားအရွယ်)
- ကလေးငယ်များတွင်ဖြစ်သည့်ဝမ်းရောဂါ(Rotavirus)ကာကွယ်ဆေး (ဒုတိယအကြိမ် ) ( (၈)လသားအရွယ်မတိုင်ခင်)
- တုပ်ကွေးကာကွယ်ဆေး ( အသက်(၆)လအထက်)
- နမိုးကိုကယ်(Pneumococcal) ရောဂါပိုးကာကွယ်ဆေး နှင့် ကလေးများတွင်ဖြစ်သည့်ဝမ်းရောဂါ(Rotavirus) ကာကွယ်ဆေး (နှစ်လသားအရွယ်မှစပြီး)
- သားအိမ်ခေါင်းကင်ဆာကာကွယ်ပေးသည့် HPV ကာကွယ်ဆေး (အသက်(၉)နှစ်အထက်)
|
အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။ (သို့မဟုတ်) ဆစ်မီတဝေ့ ဆေးရုံ ဖေ့စ်ဘွတ်ဖေ့ရှ် (မြန်မာဘာသာ)တွင် မေးမြန်းနိုင်ပါတယ်။
Samitivej International Children’s Hospital, Sukhumvit Campus
2nd Floor, Building 2
Tel: 66 (0) 2022-8236-7
Call Center: 66 (0) 2022-8181
E-mail: [email protected]
Facebook: www.facebook.com/samitivej
Photo Credit: blogbold via Compfight cc