အခုချိန်ထိ Hand, Foot and Mouth ရောဂါနဲ့ပတ်သတ်လို့ ကာကွယ်ဆေးမရှိသေးပေမယ့် အောက်ပါအချက် တွေကိုလိုက်နာမယ်၊ တစ်ကိုယ်ရေသန့်ရှင်း မူကိုထိန်းသိမ်းထားမယ်ဆိုရင်တော့ ရောဂါကူးစက်ခံရမူကို တားဆီးနိုင်ပါတယ်။
၁။ အစာမစားမီနဲ့ စားပြီးချိန်တိုင်း၊ အိမ်သာသွားပြီးချိန်တိုင်း လက်ကိုဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကိုဟော ပါတဲ့ လက်သန့်ဆေးရည် နဲ့ဆေးပေးရပါမယ်။
၂။ လက်သည်းပုံမှန်ညှပ်ပြီး ကိုယ် ခန္ဓာကိုသန့်ရှင်းအောင်နေရပါမယ်။
၃။ သောက်ရေခွက်၊ ဇွန်း၊ ခက်ရင်း၊ လက်ကိုင်ပုဝါ၊ လက်သုပ်ပုဝါ နဲ့ သွားပွတ်တံတို့လို တစ်ကိုယ်ရေသုံး ပစ္စည်း တွေကိုတခြားလူတွေနဲ့ ဝေမျှအသုံးပြုတာမျိုးရှောင်ရပါမယ်။
၄။ ကစားစရာအရုပ်တွေနဲ့ နေအိမ်ကို သန့်ရှင်းအောင်ထားရပါမယ်။
၅။ ကိုယ့်သားသမီးနဲ့ ကလေးထိန်းတွေကို သင့်တော်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမူမျိုး ရှိနေအောင် ညွှန်ကြားထားရပါမယ်။
၆။ ဈေးဝယ်စင်တာတွေ၊ ဈေးတွေနဲ့ ရေကူးကန်တွေလို လူရှုပ်ထွေးတဲ့နေရာတွေကို တတ်နိုင်သလောက် ရှောင်ရပါမယ်။
၇။ ကလေးတွေကို အနီးကပ်စောင့်ကြည့်ပြီးတော့ Hand, Foot and Mouth ရောဂါ နဲ့ ပတ်သတ်တဲ့ လက္ခဏာ တစ်ခုခု တွေ့ပြီဆိုတာနဲ့ တတ်နိုင်သမျှအမြန်ဆုံး ဆရာဝန်ပြရပါမယ်။
၈။ ရောဂါပိုးပျံ့နှံ့နေတဲ့ နိုင်ငံတွေဆီကို ကလေးငယ်တွေနဲ့သွားရောက်လည်ပတ်တော့မယ်ဆိုရင် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီးတော့ ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီလိုဆိုရင် ရောဂါကူးစက်ခံရမူနဲ့ ပတ်သတ်ပြီး စိုးရိမ်ရမှာမဟုတ်ပါဘူး။ Hand, Foot and Mouth ရောဂါ ရှိသူတွေကိုလည်း ရောဂါနဲ့ပတ်သတ်တဲ့ အခြေခံအကြံပြုချက်တွေကို ရရှိထားပြီးလို့ပါပဲ။
Hand, Foot and Mouth ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် ကူးစက်ခံထားရတဲ့ ကလေးတွေကို တခြားက လေးတွေနဲ့ ခွဲပြီး သီးသန့်ထားရပါမယ်။ ကလေးတွေကို ဆရာဝန်ပြမယ်ဆိုရင်တောင် ရောဂါဖြစ်ပြီး အနည်းဆုံး ၅ ရက် - ၇ ရက်လောက်ကြာပြီးမှ ဒါမှမဟုတ် ရောဂါလုံးဝပျက်ကင်းသွားပြီးချိန်မှ သွားဖို့အကြံပြုပါတယ်။ ဒီအ ချိန်အတွင်းမှာ မိဘတွေအနေနဲ့ ကလေးငယ်တွေကို အနီးကပ်စောင့်ကြည့်နေရာမှာဖြစ်ပြီးတော့ အန်ခြင်း၊ တက်ခြင်း နဲ့ ကလေးရဲ့ ပုံစံသိသိသာသာပြောင်းလဲနေခြင်းတို့လို သံသယဖြစ်စရာ လက္ခဏာတွေဖြစ်လာရင်တော့ ဆေးရုံကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်။
ဒါ့အပြင်ရောဂါကူးစက်ခံထားရတဲ့ကလေးတွေကို နေရာကျဉ်းကျဉ်းလေးတွေမှာထားတာမျိုးကိုလည်းရှောင် သင့်ပါတယ်။ ချောင်းဆို၊ နှာချေတာကနေတစ်ဆင့် တခြားလူတွေကို ရောဂါကူးစက်တာမျိုးမဖြစ်အောင် Mask တပ်ထားသင့်ပြီးတော့ ကလေးတွေရဲ့သန့်ရှင်းရေးကို ပြုစုပေးမယ့်မိဘတွေအနေနဲ့လည်းတတ်နိုင်သလောက် ဂရုစိုက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
Samitivej Hospital မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်
ကလေးကျန်းမာရေးဌာနမှ အချက်အလက်များ