လက္ခဏာများ
ကလေးငယ်တွေအကုန်လုံးဟာ အစားအစာ စားသုံးပြီး ကြီးပြင်းလာကြတာဖြစ်ပါ တယ်။ ဒါဆိုရင် သင့်ကလေးငယ်မှာ စာချဥ့်ပြန်ရောဂါ ရှိနေတယ်လို့ ဘယ်လိုများ သတ်မှတ်နိုင်မှာလဲ? တကယ်လို့ ကလေးငယ်များမှာ စားချဥ့်ပြန်ရောဂါ မရှိဘူး ဆိုရင် သူတို့ကိုကျွေးလိုက်တဲ့အစားအစာတွေကို ပြန်အန်ပြီး ပါးစပ်က ဂလုပ် ဂလုပ် နဲ့ မြည်နေမှာဖြစ်ပါတယ်။ မိဘတွေက အန်လိုက်တဲ့ အဖတ်တွေ အရည်တွေကို သုတ်သင်ရှင်းလင်းလိုက်ရင် သူတို့ ကျေနပ်ပြီး ပြုံးမိမှာ အမှန်ပါပဲ။ ဒါပေမယ့် စားချဥ့်ပြန်ရောဂါရှိတဲ့ကလေးငယ်များကတော့ အစားအစာများပြန်အန်ထွက်ခြင်းနဲ့ အတူ ငိုကြွေးခြင်း ၊ နောက်ကျောခုံးခြင်း ၊ နှာသံပါခြင်း ၊ အသံဝင်ခြင်း စတာတွေ ကိုလည်း ခံစားရနိုင်ပါတယ်။ ကလေးငယ်များ အော့အန်ခြင်း (သို့) အော့အန်ရာမှာသွေးပါ ခြင်း တို့ဟာလည်း စားချဥ့်ပြန်ရောဂါရဲ့ လက္ခဏာများ အဖြစ် သတ်မှတ်နိုင်ပါတယ်။
တကယ်လို့ ကလေးငယ်ဟာ အစာ စားပြီးနာရီဝက်အတွင်း အထက်ဖော်ပြထားတဲ့ လက္ခဏာ တစ်ခုခုပြတယ်ဆိုရင် စားချဥ့်ပြန်ရောဂါရှိကြောင်း အချက်ပေးတာ ဖြစ်နိုင် ပါတယ်။ တကယ်လို့ ကလေးငယ်ဟာ အစာစားဖို့(သို့) အစာမျိုချဖို့ငြင်းဆန်တယ် ၊ အစားအစာများဟာ မကြာခဏအသက်ရှူလမ်းကြောင်းထဲ ရောက်သွားတယ် ဆိုရင် စားချဥ့်ပြန်ရောဂါ ခံစားနေရတာဖြစ်နိုင်ပါတယ်။ အသက်တစ်နှစ်အောက် ကလေးငယ်များမှာ အသက်ရှူလမ်းကြောင်းရောဂါကူးစက်မှု ၊ အသက်ရှူရခက်တဲ့ ပြဿနာ ၊ အိပ်နေစဥ်ဟောက်ခြင်း ( အိပ်နေစဥ် ညည်းခြင်း (သို့) အသက်ရှူထုတ်ခြင်း တစ်ခုနဲ့တစ်ခုကြားကွာဟခြင်း) စတာတွေဟာ စားချဥ့်ပြန် ရောဂါဖြစ်နေတာကို မီးမောင်းထိုးပြနေတာပါ။ လမစေ့ဘဲမွေးလာတဲ့ တချို့သော ကလေးငယ်တွေမှာ အစာမျိုပြွန်အောက်ပိုင်းကိုပိတ်နိုင်သောကြွက်သား (Lower Esophageal Sphincter) နုနယ်သေးတာကြောင့် စားချဥ့်ပြန်ရောဂါကိုဖြစ်စေပြီး အဆုတ်လေပြွန်ရောင်ခြင်း (Bronchopulmonary Dysplasia) ကဲ့သို့ နာတာရှည်အဆုတ်ရောဂါများကို ဖြစ်စေပါတယ်။ ဦးနှောက်နဲ့ အာရုံကြော ယိုယွင်းအားနည်းမှုတွေ ရှိတဲ့ကလေးငယ်များဟာ စားချဥ့်ပြန်ရောဂါ ဖြစ်နိုင်ခြေများတာကြောင့် သေချာဂရုစိုက်ပြီး ရောဂါရှာဖွေစစ်ဆေးသင့်ပါတယ်။
ဖြစ်ပွားစေတဲ့အကြောင်းအရင်းများ
စားချဥ့်ပြန်ရောဂါဟာ ကိုယ်ကာယဆိုင်ရာနဲ့ ရောဂါဗေဒဆိုင်ရာ အကြောင်း အရင်းများကြောင့် ဖြစ်ပွားပါတယ်။ ကိုယ်ကာယဆိုင်ရာအကြောင်းအရင်းများလို့ ဆိုရာမှာ အစာချေဖျက်မှုနဲ့ ကိုယ်တွင်းအဂ်ါများ ပါဝင်ဆက်စပ်နေပါတယ်။ အများအားဖြင့် အသက်(၁၀) လ (သို့) (၁၀) လအောက် ကလေးများမှာဖြစ်တဲ့ စားချဥ့်ပြန်ရောဂါဟာ ကိုယ်ကာယဆိုင်ရာအကြောင်းအရင်းများကြောင့် ဖြစ်ပွားပါတယ်။ ပုံမှန်အားဖြင့် သူတို့ တစ်ခုခုကို စားလိုက်တဲ့ အချိန်မှာ အစာမျိုပြွန်အောက်ပိုင်းကိုပိတ်နိုင် သောကြွက်သား (Lower Esophageal Sphincter)ဟာ ပွင့်သွားပြီး အစားအစာတွေကို အစာအိမ်ထဲ ရောက်ရှိစေပါတယ်။ အဲဒီနောက် အစာအိမ်ထဲမှာရှိတဲ့အရာများနဲ့ စားလိုက်တဲ့အစားအစာများ အစာမျိုပြွန် ဆီ ပြန်မရောက်သွားအောင် ပိတ် သွားပါတယ်။ ဒါပေမယ့် တချို့ကလေးငယ်များရဲ့ အစာမျိုပြွန်အောက်ပိုင်းကိုပိတ်နိုင်သောကြွက်သား (Lower Esophageal Sphincter)ဟာ မကြီး ထွားသေးတာကြောင့် အပြည့်အဝဖွံ့ဖြိုးမှုမရှိဘဲ အားနည်းတဲ့ကြွက်သားကွင်း အနေနဲ့သာ တည်ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ အစာအိမ်ထဲရှိ အရာများကို အစာမျိုပြွန်ဆီ ပြန်လည်ရောက်ရှိစေပါတယ်။
ကုသမှု
တစ်ခါတစ်လေမှာ ကလေးငယ်တွေ အရွယ်ရောက်လာတာနဲ့အမျှ အစာမျိုပြွန်အောက်ပိုင်းကိုပိတ်နိုင်သောကြွက်သား (Lower Esophageal Sphincter)ဟာလည်း ကြီးထွားလာပြီး သူလုပ်ရမယ့်လုပ်ဆောင်မှုကို လုပ်ဆောင်ပါတယ်။ ဒါကြောင့် နေထိုင်မှုပုံစံအပြောင်းအလဲ အနည်းငယ်လုပ်ရုံမျှနဲ့ စားချဥ့်ပြန်ရောဂါကို ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။ ကလေးငယ်များကို အစားအစာကျွေးရာမှာမှာ ပမာဏနည်းနည်း နဲ့ အကြိမ်ကြိမ်ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် နို့ချိုတိုက်ကျွေးတာကိုလည်း ပမာဏနည်းနည်း နဲ့ အကြိမ်ကြိမ်လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် အုတ်မီးလ်(Oat Meal) နဲ့ ဆန်မှုန့် စတာတွေကို ပျစ်နေအောင်ဖျော်ပြီးကျွေးပြီး အစားအစာတွေ အစာမျိုပြွန် အထိ တက်မလာအောင် လုပ်ရပါမယ်။ ကလေးများကို အစားအစာကျွေးရာမှာ စားလိုက်တဲ့အစားအစာတွေ ပြန် ကန်တက်မလာစေဖို့အတွက် ခေါင်းမော့တဲ့ အနေအထားမှာ ကျွေးရပါမယ်။ ကလေးငယ်များကို အစားအစာကျွေးပြီးနောက် အနည်းဆုံး မိနစ် (၃၀) ခန့် ခန္ဓာကိုယ်တည့်မတ်အောင်ထားပြီးမှ လှဲလျောင်းစေသင့်ပါတယ်။ ဒီလိုမျိုး စားသောက်နေထိုင်မှုအပြောင်းအလဲတွေ လုပ်ဆောင်သည့်တိုင်အောင် ကလေးငယ်က ကိုယ်အလေးချိန်ကျသွားတာ (သို့) အံဝင်ခွင်ကျ မဖြစ်သေးဘူးဆိုရင် စားချဥ့်ပြန်ပျောက်ဆေးသောက်ဖို့ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

