လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်း လုံလောက်စွာပြုလုပ်မှုမရှိခြင်း စတဲ့ အမူအကျင့်တွေကြောင့် အသည်းအဆီဖုံးခြင်းရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ အားအင်ရရှိမှုနဲ့ အားအင်လောင်ကျွမ်းမှု မျှတမှုမရှိခြင်းတွေဟာ တဖြည်းဖြည်း အဝလွန်လာစေပါတယ်။
တနည်းအားဖြင့်ကြည့်ရင် မိဘ နဲ့ အုပ်ထိန်းသူသူတချို့ဟာ “ဝဝကစ်ကစ် ကလေးတွေ” ကို ချစ်စရာကောင်းတယ်လို့ မြင်နေကြတုန်းပါပဲ။ ကလေးငယ်ရဲ့ ယေဘူယျ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုမှာ အဆီဟာ မကောင်းတဲ့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သူတို့တွေ မတွေးမိကြပါဘူး။ အထူးသဖြင့် ကလေးငယ်ရဲ့ လည်ပင်းနားတဝိုက်၊ ချိုင်းအောက်(သို့) ပွတ်တိုက်မှုရှိတဲ့ အသားရေတိုင်းမှာ အရေပြား မည်းနက်မှုဖြစ်ပေါ်စေပြီး၊ ဂျေးချွတ်ပေမယ့် မပြောင်တဲ့ Dead Skin တွေလို ဖြစ်နေပါတယ်။ မည်းနက်တဲ့ အသားအရေဟာ ဆီးချိုစဖြစ်ခါနီးလူနာရှင်တွေမှာ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ အင်ဆူလင်ပမာဏ လိုအပ်တာထက် မြင့်မားမှုနဲ့ ဆက်စပ်နေပါတယ်။
အဝလွန်တဲ့ကလေးတွေဟာ အသည်းအဆီဖုံးခြင်းရောဂါ ဖြစ်ပွားနိုင်ချေ ၂၂.၅% မှ ၄၄% အထိ ရှိပြီး ဒီလိုအသည်းအဆီဖုံးရောဂါဟာ ပုံမှန်အားဖြင့်တော့ သက်လတ်ပိုင်းရွယ်နဲ့ သက်ကြီးပိုင်းသူတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ကလေးတွေမှာတော့ အဝလွန်ခြင်းကြောင့် အသည်းရောင်ရမ်းခြင်း (သို့) အသည်းခြောက်ခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဝလွန်တဲ့ လူငယ်တွေဟာ တခြားလူငယ်တွေထက် အသည်းအဆီဖုံးခြင်း ရောဂါ ဖြစ်နိုင်ချေ အဆ ၂၀ နီးပါး ပိုပြီးမြင့်မားသလို အသက် ၈ နှစ်အရွယ် ကလေးတွေမှာတောင် အသည်းခြောက်ခြင်း ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို ပိုပြီး အံ့ဩဖွယ်ထိတ်လန့်ဖွယ် ကောင်းပါတယ်။


