နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းကို(၂)မျိုးခွဲခြားနိုင်ပါတယ်။
၁) ရောဂါပိုးကူးစက်မှု - နာတာရှည်ချောင်ဆိုးခြင်းဟာ ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်နိုင်ပြီး အနီးအနားရှိလူတွေကို ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မှု ၊ ဘတ်တီးရီးယားပိုးကူးစက်မှု ၊ တီဘီကူးစက်မှု စတာတွေဟာ နှာခေါင်း ၊ အသက်ရှူလမ်းကြောင်း ၊ နှာခေါင်းအတွင်းပိုင်း ၊ အဆုတ် စတာတွေကို ထိခိုက်စေပါတယ်။
၂) အခြားအကြောင်းအရင်းများ - တကယ်လို့ နာတာရှည်ချောင်းဆိုးခြင်းဟာ ရောဂါပိုးကူးစက်မှုကြောင့်မဟုတ်ဘူးဆိုရင် တခြားသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးငယ်များမှာဖြစ်တဲ့ ဓာတ်မတည့်ခြင်း ကြောင့် နှာခေါင်း အမြှေးပါးရောင်ခြင်း ၊ ပန်းနာရင်ကျပ် ၊ စားချဥ့်ပြန်ခြင်း ၊ အသက်ရှူလမ်းကြောင်း အတွင်းအရာဝတ္ထုတစ်ခုခုပိတ်မိခြင်း ၊ နှလုံးရောဂါပြဿနာများ ၊ တချို့ဆေးဝါး များကြောင့်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုး ၊ အိမ်အတွင်းအိမ်ပြင်နှစ်ခုစလုံးမှာ ရှိတဲ့ ပတ်ဝန်းကျင်လေထု အခြေအနေ စတာတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း များပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေဆိုရာမှာ စီးကရက်အငွေ့ ၊ အငွေ့အမျိုးမျိုးနဲ့ ဓာတုငွေ့များ ၊ တခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းများ စတာတွေ ပါဝင်ပါတယ်။

