နှစ်ခုလုံးဟာ အန္တရာယ်ကြီးတတ်ပြီး ကလေးတွေမှာဖြစ်ရင် ပိုဆိုးပါတယ်။ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အသည်းတို့ ကျောက်ကပ်တို့ နှလုံးတို့မှာ ထိခိုက်တတ်ပါတယ်။
နှစ်ခုလုံးဟာ အန္တရာယ်ကြီးတတ်ပြီး ကလေးတွေမှာဖြစ်ရင် ပိုဆိုးပါတယ်။ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အသည်းတို့ ကျောက်ကပ်တို့ နှလုံးတို့မှာ ထိခိုက်တတ်ပါတယ်။
ဆင်တုပ်ကွေးရောဂါဟာ chikungunya virus ကြောင့် ဖြစ်တာပါ။ သူက Togaviridaw virus အုပ်စုဝင် ဖြစ် ပါတယ်။ အေးဒီးစ် ခြင်အမျိုးအစားတွေဖြစ်တဲ့ Aedes alvopictus ရော Aedes aegypti နှစ်မျိုးစလုံး ဟာ ဒီဗိုင်းရပ်စ်ကို သယ်ဆောင်ပါတယ်။ ပြီးတော့ တောရော မြို့ပါ မကျန် ဖြစ်ပွားနိုင်ပါတယ်။ မုတ်သုန်မိုးရာသီမှာ ဖြစ်ပွား တတ်ပြီးတော့ ရေဝပ်တဲ့နေရာတွေမှာ ပေါက်ပွားပါတယ်။ နေ့လည်မှာ အစာရှာထွက်တဲ့ခြင်အမျိုးအစားဖြစ်ပြီး ဆိုလိုတာက နေ့လည်ခင်းကိုက်တဲ့ ခြင်မှာ ဒီ ဗိုင်းရပ်စ်ပိုး ပါတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ ဆင်တုပ်ကွေး ဖြစ်ပြီဆိုရင်လည်း သန္ဓေသားကို ကူးစက်တတ်ပါတယ်။
ခြင်ကိုက်လို့ဖြစ်ရတဲ့ ဆင်တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေဟာ လက္ခဏာတွေဆင်တူပြီး တစ်ချိန်တည်းမှာ နှစ်မျိုးစလုံး ပြိုင်တူကူးစက်ခြင်းခံရတာ မျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဆင်တုပ်ကွေးက သွေးလွန် တုပ်ကွေးလောက်တော့ အန္တရာယ်မများပါဘူး။ သို့သော် ဆင်တုပ်ကွေးက ပိုပြီးတော့ ရုတ်တရက်ချက်ချင်းနီးပါး ဖျားတတ်ပြီး နှစ်ရက်လောက်နဲ့လည်း အဖျားပျောက်သွားတတ်ပါတယ်။ သွေးလွန်တုပ်ကွေးအဖျားကတော့ ၄ ရက်လောက် တာရှည်တတ်ပါတယ်။ များသောအားဖြင့် ဆင်တုပ်ကွေးဖြစ်ရင် သွေးရည်ကြည်တွေဟာ သွေးကြောများအတွင်းမှ ယိုထွက်ခြင်းမရှိတာကြောင့် သွေးလန့်တဲ့အဆင့် (shock)အထိ မရောက်တတ်ပါဘူး။ တစ်ကိုယ်လုံးမှာ အနီကွက်အဖုအပိန့်တွေပေါ်ပြီး မျက်လုံးနီရဲခြင်းနဲ့ အဆစ်တွေ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း က သွေးလွန်တုပ်ကွေးမှာထက် ပိုဆိုးပြီး ပိုဖြစ်တတ်ပါတယ်။ဆင်တုပ်ကွေးမှာ ရောဂါပျိုးချိန်က ခြင်ကိုက် ခံရပြီးချိန် ၃ရက် မှ ၇ ရက်အတွင်း ဖြစ်ပါတယ်။ ရောဂါပျိုးရက် ပြည့်ချိန်မှာတော့ အောက်ပါလက္ခဏာများ ပေါ်ပေါက်လာပါတယ်။
ရောဂါရာဇဝင် နဲ့ လက္ခဏာတွေကို ဆရာဝန်က ဦးစွာမေးမြန်းပါလိမ့်မယ်။ အဲဒီနောက် ဆင်တုပ်ကွေးရောဂါ ဟုတ်မဟုတ် သေချာအောင် သွေးဖောက်ပြီး စစ်ဆေးပါလိမ့်မယ်။ ဒီနည်းကတော့ လက်ရှိသုံးနေတဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပြီး အဖြေက တစ်ရက်နှစ်ရက်အတွင်း ဒါမှမဟုတ် အကြာဆုံး တစ်ပတ်နှစ်ပတ် အတွင်း ရရှိမှာ ဖြစ်ပါတယ်။
ဒီနေ့ထက်ထိတော့ ဆင်တုပ်ကွေးရောဂါအတွက် ကုသဆေး ဒါမှမဟုတ် ကာကွယ်ဆေးရယ်လို့ သီးသန့် မရှိသေးပါဘူး။ အဲဒီတော့ ကုမယ်ဆိုရင် ခံစားနေရတဲ့လက္ခဏာတွေကို သက်သာအောင် ကုသပေးဖို့ကိုပဲ ဇောင်းပေးပြီး လုပ်ရပါတယ်။ ဆိုလိုတာကတော့ အဖျားကျဆေး နဲ့ အနာသက်သာဆေးတွေပေးပြီးကုသတာပါပဲ။ လူနာတွေအနေနဲ့ အောက်ပါအကြံပေးချက်တွေကို ရောဂါသက်သာချိန်ထိ လိုအပ်သလိုလိုက်နာဖို့ တိုက်တွန်း လိုပါတယ်။
ဆင်တုပ်ကွေးမဖြစ်ရအောင် ကာကွယ်ခြင်းရဲ့ အရေးကြီးဆုံးအချက်ကတော့ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းပါပဲ။ ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတော့ကာ…
နိဂုံးချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဒီ “ချိကွန်းဂွန်ညာ” ဆိုတဲ့ ဆင်တုပ်ကွေးဟာ သွေးလွန်တုပ်ကွေးနဲ့ယှဉ်ရင် လက္ခဏာမပြင်းထန်ဘူး၊ သေလောက်တဲ့ အန္တရာယ်မပေးဘူး ဆိုပေမဲ့ ခန္ဓာကိုယ်ကိုတော့ အနည်းနှင့်အများ ထိခိုက်မှုပေးနေတဲ့ရောဂါတစ်ခု ဖြစ်နေဆဲပါပဲ။ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေဖြစ်တဲ့ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးသူတွေ၊ နောက်ပြီးတော့ ကုသဖို့ခက်ခဲတဲ့ နောက်ဆက်တွဲလက္ခဏာများပေါ်ပေါက်ဖို့ အခွင့်အရေးရှိတဲ့သူတွေအဖို့တော့ ပြဿနာတစ်ခုအဖြစ် စောင့်ကြိုနေပါတယ်။ ဒါ့ကြောင့် မိမိကျန်းမာရေးကို မိမိ စောင့်ရှောက်တဲ့အနေနဲ့ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုစားပါ။ ပြည့်ဝစွာအနားယူခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကလဲ အခရာကျပါတယ်။ ဒီထဲကမှ အပြင်းဖျားလာမယ်၊ အစားအသောက်ပျက်လာမယ်၊ ဒါ့အပြင် ခန္ဓာကိုယ်မှာ အငန်ဓာတ် ရေဓာတ်တွေ ခန်းခြောက်တဲ့ လက္ခဏာတွေ ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါကို တိတိကျကျစစ်ဆေးဖော်ထုတ်ပြီးတော့ ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ ‘ခြင်’မှ ဖြစ်တဲ့ ‘ဆင်’တုပ်ကွေး ကိုယ့်မှာ မကူးစက်ရလေအာင် “ဆင်ဆင်ခြင်ခြင်” နေကြပါ ဆိုတာ တိုက်တွန်း ရေးသားလိုက်ရပါတယ်။