ကင်ဆာဝေဒနာရှင်များအတွက် ဆန်းသစ်တီထွင်ကုထုံးသစ် - ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းဖြင့် တစ်နှစ် အသက်ဆက်လက်ရှင်သန်နိုင်မှုနှုန်း ၉၆% (BMT)
Haploidentical Bone Marrow Transplantation( ရိုးတွင်းခြင်ဆီအစားထိုးကုသမှု )ဟာ လူနာရဲ့ ကျန်းမာတဲ့ မိသားစုဝင်များရဲ့ Stem Cell ကိုယူပြီး အစားထိုးကုသတဲ့ နောက်ဆုံးပေါ်ကုသမှုနည်းပညာဖြစ်ပါတယ်။ အဆိုပါကုသမှုမှာ လူနာရဲ့ မိဘ ၊ မောင်နှမ ၊ သားသမီး များမှ Donor အဖြစ် ပါဝင်နိုင်မှာပဲဖြစ်ပါတယ်။ ပိုမိုသိရှိရန်
GvHD (Graft vs Host Disease) ခေါ် အစားထိုးကုသပြီးနောက်ဖြစ်တတ်တဲ့ လက္ခဏာရောဂါများကိုကာကွယ်ကုသရန် ဆန်းသစ်ထားသည့် ကုထုံးသစ် - Photopheresis
Photopheresis ဟာ အန္တရာယ်မရှိသလို နာကျင်မှုလည်းမရှိတဲ့ ကုသမှုနည်းလမ်းဖြစ်ပါတယ်။ ၎င်း ကုထုံးမှာ ကိုယ်ခံအားတုန့်ပြန်မှုများကို နှိုးဆွပြီး GvHD ကြီးထွားများပြားလာမှုကို တိုက်ထုတ်ပေးခြင်းနည်းလမ်းဖြင့် ကုသတာဖြစ်ပါတယ်။ အသက်(၂)နှစ်နှင့်အောက် (သို့မဟုတ်) အလေးချိန်(၁၀)ကီလိုဂရမ်နှင့်အောက် ကလေးငယ်များကို ကုသမှုပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။။ ပိုမိုသိလိုပါ က
ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းဖြင့် တစ်နှစ်အသက်ဆက်လက် ရှင်သန်နိုင်မှု နှုန်း ၉၆% (BMT)
![]() |
Prof. Suradej Hongeng, M.D., ဟာ အမေရိကန်ကလေးသွေးရောဂါဗေဒနှင့် ကင်ဆာရောဂါဗေဒဘုတ်အဖွဲ့ (American Board of Pedidtric Hematology & Oncology) မှ ဒီပလိုမာ ဘွဲ့များရရှိခဲ့ပြီး အမေရိကန် နိုင်ငံရဲ့ သွေးရောဂါဗေဒ ၊ ကင်ဆာနှင့် ဦးနှောက် အကျိတ်သုတေသန အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံရှိ လူမှုရေးအဖွဲ့အစည်းများနဲ့ ဆေးရုံပေါင်းများစွာရဲ့ ဆေးဝါးကုသမှုဆိုင်ရာ သုတေသနများ အတွက် ဦးဆောင် စစ်ဆေးရေးမှူး တစ်ဦးလည်း ဖြစ်ပါတယ်။ ထို့အပြင်အမေရိကန်နိုင်ငံရှိ National Institute of Health ရဲ့ ပရောဂျက်မှာ အသင်းအဖွဲ့နဲ့အတူ ပါဝင်ပြီးတွဲဖက်စစ်ဆေးသူအဖြစ်လည်းပါဝင်ဆောင် ရွက်ပါတယ်။ Prof.Suradej Hongeng,M.D ရဲ့ သုတေသနစာတမ်း (၄၅) စောင်ကို ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများမှာပါ ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ | |
![]() |
Assoc. Prof. Samart Pakakasama, M.D.,ဟာ ထိုင်းနိုင်ငံရဲ့ကလေးသွေးရောဂါဗေဒနှင့်ကင်ဆာရောဂါ ဘုတ်အ ဖွဲ့ကို ဖြစ်မြောက်အောင်စွမ်းဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ကလေးသွေးရောဂါ ဗေဒနှင့် ကင်ဆာရောဂါဗေဒအထူးပြု ၊ Stem Cell အစားထိုး ကုသမှုအထူးပြု စတဲ့ အသိအမှတ်ပြုလက်မှတ် (၂)ခု ရရှိထား ပါတယ်။ သူဟာလက်ရှိချိန်မှာ ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများမှာ သုတေသနစာတမ်းပေါင်း (၃၀) ကျော်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ သုတေသနစာတမ်းများကို အားသွန်ခွန် စိုက်မလုပ်ဆောင်ခင်အချိန်က ဆေးဘက်ဆိုင်ရာကျောင်းများမှာ ကထိက အဖြစ်နှစ်အတော်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ | |
![]() |
Pornchanok Iamsirirak, M.D., ဟာ ဆေးပညာဘွဲ့ကို ဂုဏ်ထူးတန်းဒုတိယအဆင့်ဖြင့် ရရှိထားသူဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီပလိုမာဘွဲ့ကို ထိုင်းနိုင်ငံရဲ့ကလေးဆေးပညာဘုတ်အဖွဲ့ ၊ ထိုင်းနိုင်ငံရဲ့ ကလေးသွေးရောဂါဗေဒနှင့်ကင်ဆာရောဂါဗေဒဘုတ်အဖွဲ့ခွဲများမှ အသီးသီး ရယူခဲ့ပါတယ်။ သူမရဲ့ ဆေးပညာနယ်ပယ်လက်တွေ့တာဝန်ထမ်းဆောင်မှု အနေနဲ့ Naresuan University Medical School မှာ ကထိကအဖြစ်ဆောင် ရွက်ခဲ့ သလို သုတေသန စာတမ်းများစွာကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နှလုံးသွေးကြောသွေးခဲခြင်း ဆိုင်ရာ ညီလာခံ (The XXIII Congress of the International Society of Thrombosis) မှေ JSTH Asia Pacific Scholarship ကို ရရှိခဲ့ပြီး သုတေသနစာတမ်းများအတွက် အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။ | |




